ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်းသို့ မီးဘေးအန္တရာယ် ကင်းဝေးစေရေး လိုက်လံအသိပေး နှိုးဆော်

ဗိုလ်တထောင်   ဖေဖော်ဝါရီ   ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ ပြည်သူများအား မီးဘေးအန္တရာယ် ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်၍ ကာကွယ်နိုင်ရန်အတွက် သတိပြု လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေး နှိုးဆော်မှုများကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ ညပိုင်းက ဗိုလ်တထောင် မြို့နယ် ရပ်ကွက်များအတွင်းသို့ မီးသတ်ယာဉ်ဖြင့်လှည့်လည်၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ရာတွင် မီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှူး ဦးဇင်ထက်လွင် ဦးဆောင်၍ သန္ဓေ(၄)ဦးတို့က ရပ်ကွက်များ အတွင်းသို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်၍ မီးဘေးအန္တရာယ် ကင်းဝေးစေရေး သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေး နှိုးဆော် ဆောင်ရွက်ခြင်း၊ ဗိုလ်တထောင်မြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများ လျော့နည်းပပျောက်စေရေးအတွက် မီးသတိပေး ဆော်ဩခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရသည်။

ထိုသို့ အသိပေးနှိုးဆော် ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများ ထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျ ငြိမ်းသတ်ပြီးမှ အိပ်ကြပါရန်၊ လျှပ်စစ်မီးအား သတိထားကိုင်တွယ်ကြရန်၊ တရားမဝင် လောင်စာဆီများ သိုလှောင်ခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ရန်၊ လမ်းသွားရင်း ဆေးလိပ် သောက်သုံးခြင်း မပြုလုပ်ရန်၊ မိမိတို့နေအိမ် ပတ်ဝန်းကျင်ရှိ ရေအိုး၊ ရေစည်များကို ရေဖြည့်ထားရှိရန်နှင့် အမှိုက်များ မီးရှို့လိုပါကလည်း မြို့နယ်မီးသတ်ဦးစီးဌာနထံသို့ သတင်းပေးပို့ ဆောင်ရွက်သွားရန်တို့ကို ရပ်ကွက်လမ်းများတလျှောက် မီးသတ်ကားဖြင့် လှည့်လည်ကာ အသိပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခင်ဝင်း