မြန်အောင်မြို့ အ.ထ.က(၁)မြန်အောင် ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၂၂) ကြိမ်မြောက် အာစရိယပူဇော်ပွဲ ကျင်းပ

မြန်အောင် ဖေဖေါ်ဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အ.ထ.က(၁)မြန်အောင် ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၂၂)ကြိမ်မြောက် အာစရိယပူဇော်ပွဲကို ယမန်နေ့နေ့လည်က မြန်အောင်မြို့ အမှတ်(၅)ရပ်ကွက် တာဝတိံသာဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် အ.ထ.က(၁)မြန်အောင် (၂၂)ကြိမ်မြောက် အာစရိယပူဇော်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းဌေးက ဂါရဝပြုကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး အငြိမ်းစားဆရာကြီး/ဆရာမကြီးများအား ကျောင်းသား/သူ ဟောင်းများက ကန်တော့ပစ္စည်းများဖြင့် ဂါရဝပြုပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ကျောင်းသား/သူဟောင်းများက မြတ်ဆရာသီချင်းကို စုပေါင်းသီဆိုပူဇော်ကြပြီး ကန်တော့ချိုးဖြင့် တပည့်အားလုံးမှ ပူဇော်ကန်တော့ခဲ့ကြသည်။

 အ.ထ.က(၁)မြန်အောင် (၂၂)ကြိမ်မြောက် အာစရိယပူဇော်ပွဲတွင် ဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဆရာကြီး ဦးဟန်ရွှေက ဆုပေးသြဝါဒစကား ပြောကြားခဲ့သည်။

ဆက်လက်၍ အခမ်းအနားတွင် အာစရိယပူဇော်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင် ကျောင်းသားဟောင်း ဒေါက်တာဘုန်းပြည့်နိုင်က ပူဇော်ပွဲအလှူငွေရရှိမှုအခြေအနေနှင့် ဆရာကြီး/ဆရာမကြီးများအား ပူဇော်ကန်တော့လှူဒါန်းမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး အ.ထ.က(၁)မြန်အောင် ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၂၂)ကြိမ်မြောက် အာစရိယပူဇော်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပခဲ့သည်။

အ.ထ.က(၁)မြန်အောင် ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၂၂)ကြိမ်မြောက် အာစရိယပူဇော်ပွဲတွင် အသက်(၉၀)နှစ်အထက် ဆရာကြီး(၂)ဦးအား တစ်ဦးလျှင် ကျပ်သုံးသိန်း၊ အသက်(၇၅)နှစ်အထက် ဆရာကြီး/ဆရာမကြီး (၄၃)ဦးတို့အား တစ်ဦးလျှင် ကျပ်တစ်သိန်းနှစ်သောင်း၊ အသက်(၇၅)နှစ်အောက် ဆရာကြီး/ဆရာမကြီး(၁၀၅)ဦးတို့အား တစ်ဦးလျှင် ပူဇော်ကန်တော့ငွေ ခုနှစ်သောင်းကျပ်ဖြင့် စုစုပေါင်း (၁၃၁၁၀၀၀၀)ကျပ်နှင့် သမားကျော်ဆေးတိုက်မှ တိုင်းရင်းဆေးများဖြင့် ပူဇော်ကန်တော့ခဲ့ကြသည်။

ဝင်းဗိုလ် (ပြန်/ဆက်)