ပြည်ကြီးတံခွန် ဖေဖော်ဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ မြောက်ဥယျာဉ်ရပ် မဟာသုန္ဒရာ ရာမပရိယတ္တိစာသင်တိုက်ရှိ အနန္တဂုဏ်ရည် (ငါးထပ်) ဓမ္မဗိမာန်တော်ကြီး အတွင်းတွင် ယမန်နေ့မွန်းလွဲ(၁)နာရီက ၁၃၈၄ ခုနှစ်၊ အစိုးရပါ ဠိပထမပြန်စာမေးပွဲ မြို့နယ်စာဖြေဌာန စာအောင်သံဃာ တော်များအား စူဠဘွဲ့နှင်းသဘင်၊ အောင်လက် မှတ်ဆက်ကပ် လှူဒါန်းခြင်းနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်း အနားကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပခုက္ကူကျောင်းဆရာတော်ဦးပဏ္ဍိတ ဦးဆောင်၍ ပင့်သံဃာတော် (၁၇)ပါး၊ စာအောင်သံဃာတော်/သီလရှင်(၁၄၆)ပါး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့်အဖွဲ့ဝင် (၄)ဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ (၅၀)ဦး၊ ရပ်ကွက်အုပ်ချုပ် ရေးမှူး(၁၈) ဦးနှင့် ပြည်သူ(၄၂) ဦး၊ အလှူရှင်(၂၀)ဦး၊ စုစုပေါင်း(၂၉၈)ဦးတက်ရောက်ခဲ့ပြီး အခမ်းအနားအား နမောတဿ(၃)ကြိမ် ရွတ်ဆိုပူဇော်ဖွင့်လှစ်သည်။
ထို့နောက် မဟာသုန္ဒရာရာမ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ အာဝုဒထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် ပရိတ်တရားတော်နာယူ ကြည်ညိုကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသန်းနိုင်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ စာအောင်သံဃာတော်/သီလရှင်း(၁၄၆) ပါးအနက်ပထမကြီးတန်းစာအောင် သံဃာတော်(၂၇)ပါး၊ ပထမလတ်တန်း စာအောင်သံဃာတော်(၂၄)ပါး၊ ပထမငယ်တန်းစာအောင်သံဃာတော်(၂၃) ပါး၊အခြေပြုမူလတန်းစာအောင်သံဃာ (၄၉)ပါး၊ သီလရှင်(၂၁)ပါး၊ လူပုဂ္ဂိုလ် (၁)ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက ဂုဏ်ပြုလက်မှတ်နှင့် နဝကမ္မလှူဒါန်းငွေများ ဆက်ကပ်လှူဒါန်းခြင်းနှင့်မြို့နယ် သံဃနာယက ဥက္ကဋ္ဌဆရာတော်က ဩဝါဒတရားချီးမြှင့်ခြင်း၊ အဖွဲ့ဝင်ဓမ္မကထိက ဘဒ္ဒန္တဝါသေဌက အနုမောဒနာ တရားနှင့် ရေစက်ချတရားချီးမြှင့်၍ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားရုပ်သိမ်းကာ နာယကဆရာတော်များနှင့် စာအောင်သံဃာတော်/သီလရှင်များအား မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့်စေတနာရှင် အလှူရှင်များက ဆွမ်းဆန်စိမ်း၊ ခေါက်ဆွဲ ခြောက်ထုပ်၊ ဆပ်ပြမှုန့်၊ ဆေးဝါးပစ္စည်းများနှင့် ဝတ္ထုငွေများလောင်း လှူခဲ့ကြကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်