မှော်ဘီမြို့နယ်၌ နွေစပါး(GW.11)စိုက်ပျိုးထားရှိမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မှော်ဘီ ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် နွေစပါးထွက်နှုန်းတိုးတက်စေရေး၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေးအတွက် မင်းရွာစိုက်ပျိုးထုတ်လုပ်ရေးအသင်းမှ နွေစပါးအထွက်တိုးမျိုး(GW.11) စိုက်ပျိုးထားရှိသည့်အခြေအနေများအား ယနေ့တွင် တာဝန်ရှိသူများက ညောင်ကုန်းကျေးရွာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မှော်ဘီမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိဒေါ်နွေနွေအောင်နှင့် တာဝန်ရှိသူများက မင်းရွာစိုက်ပျိုးထုတ်လုပ်ရေးအသင်းမှ နွေစပါး (GW.11)မျိုးစိုက်ပျိုးထားသည့် စိုက်ဧက(၁၃)ဧကသို့ ကွင်းဆင်းကြည့်ရှု၍ နွေစပါးစိုက်တောင်သူများနှင့်တွေ့ဆုံကာ အထွက်နှုန်းတိုးစေရေး၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကောင်းမြတ်သူ(မှော်ဘီ)