သတင်းများ

ဇီဖြူကုန်းကျေးရွာတွင် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးဟောပွဲပြုလုပ်
Sep 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူကျွဲ‌သောင်ကျေးရွာအုပ်စု၊ ဇီးဖြုကုန်းကျေး၊ ဘုန်ကြီး‌ကျောင်းတွင် ယမန်နေ့နေ့လယ်ပိုင်းက အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုလျှော့ချရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့သည်။
မြစ်သားမြို့နယ်တွင် ဓာ‌တ်မြေဩဇာသွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးပေး
Sep 12,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးကော်မတီမှ ဓာ‌တ်မြေဩဇာသွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးပေးအပ်လျက်ရှိ သည်။
ညောင်လေးပင်မြို့၌ လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ အသိပညာပေးသင်တန်း ကျင်းပ
Sep 12,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာနမှ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ၊ နည်းပဒေအသိပညာပေးသင်တန်းကို စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ(၂း၃၀)အချိန်က မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ပုဗ္ဗသီရိမြို့နယ်ရှိ သွားနှင့်ခံတွင်းဆေးရုံကြီးတွင် မျက်စိဝေဒနာရှင်များ အခမဲ့ခွဲစိတ်ကုသပေးနေမှုအား ကြည့်ရှအားပေး
Sep 12,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ သွားနှင့် ခံတွင်းဆေးရုံကြီး၌ မျက်စိအမြင်အာရုံချို့ယွင်းနေသူများအား အခမဲ့ကုသပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက အဆိုပါဆေးရုံကြီးတွင်ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ပုဗ္ဗသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ညောင်ရွှေမြို့၌ အင်းသားရိုးရာလှေလှော်ပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး အစည်းအဝေး ပြုလုပ်
Sep 12,2025
အင်းသားရိုးရာလှေလှော်ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အ.လ.က ခြဲ (၄)ရပ်ကွက်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်
Sep 12,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အ.လ.က ခြဲ(၄)ရပ်ကွက်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် အခြေခံပညာဉီးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၉ ရက်နေ့နံနက် (၁၀)နာရီ အချိန်က အခြေခံပညာအလယ်တန်းကျောင်းခွဲ(၄)ရပ်ကွက်တွင် ကျင်းပဆောင်ရွက်ခဲ့သည်။
ရပ်စောက်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်
Sep 12,2025
ရှမ်းပြည်နယ်(တောင်ပိုင်း၊) ရပ်စောက်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) နောင်ခမ်း၌ ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန်းရွှေစက်တော်ဘုရားကြီးနယ်မြေဒေသ မီးဘေးလုံခြုံရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး
Sep 12,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးနယ်မြေဒေသရှိ ရပ်ကွက်၊ လူနေအိမ်များ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အဆိုပါနယ်မြေ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။