ညောင်လေးပင်မြို့၌ လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ အသိပညာပေးသင်တန်း ကျင်းပ

ညောင်လေးပင် စက်တင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာနမှ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ၊ နည်းပဒေအသိပညာပေးသင်တန်းကို စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ(၂း၃၀)အချိန်က မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ထားထားဦးက သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ၊ နည်းပဒေများအကြောင်း ရှင်းလင်းပြောကြားရာတွင် သက်ကြီးရွယ်အိုဆိုသည်မှာ အသက်(၆၀)နှစ်နှင့်အထက်ရှိသော မြန်မာနိုင်ငံသားအားလုံးကိုဆိုလိုကြောင်းနှင့် အိုမင်းမစွမ်းသူ၊ စရိတ်ထောက်ပံ့မှုလိုအပ်သော မိဘဘိုးဘွား၊ စရိတ်ထောက်ပံ့မှုဆိုင်ရာ၊ မိဘ၊ သားသမီး၊ သက်ကြီးရွယ်အိုသက်သေခံကတ်ပြား၊ မိသားစုစောင့်ရှောက်မှု၊ အိမ်အခြေပြု၊ ရပ်ရွာအခြေပြုစောင့်ရှောက်မှု၊ လူမှုရေးစောင့်ရှောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုစသည့်အကြောင်းအရာများနှင့် ပတ်သက်၍ ဆွေးနွေးပို့ချခဲ့သည်။

အဆိုပါသင်တန်းသို့ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ မြို့နေမိဘပြည်သူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သက်ကြီးရွယ်အိုများ စုစုပေါင်း လူအင်အား (၄၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)