မြစ်သား စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးကော်မတီမှ ဓာတ်မြေဩဇာသွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးပေးအပ်လျက်ရှိ သည်။
(၁)ဧကသီးနှံအထွက်နှုန်းတိုးတက်လာစေရန်၊ ပန်းတိုင်အထွက်နှုန်းရရှိစေရန်၊ တောင်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဓာတ်မြေဩဇာများကို မြစ်သားမြို့နယ်အတွင်းရှိ မြင်းရွာကြီးကျေးရွာအုပ်စု၊ မင်းလယ်ကျေးရွာအုပ်စု၊ ဒါးဝယ်အင်းကျေးရွာအုပ်စု၊ မဿဲကျေးရွာအုပ်စု၊ ဘုံကွင်းကျေးရွာအုပ်စု၊ ဒိုင်းကျေးရွာအုပ်စု၊ လွှဲပေါက်ကျေးရွာအုပ်စုများရှိ မိုးစပါးစိုက်ပျိုးတောင်သူများအား ဖြန့်ဖြူးပေး အပ်ခဲ့ကြောင်းသိရသည်။
ဝါဝါမြင့် (မြစ်သား)