မင်းဘူး စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးနယ်မြေဒေသရှိ ရပ်ကွက်၊ လူနေအိမ်များ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အဆိုပါနယ်မြေ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်း၏ လမ်းညွှန်မှုဖြင့် ရွှေစက်တော်နယ်မြေမီးသတ်စခန်းမှ တာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်ထက်ဝင်းဦးဆောင်ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မန်းရွှေစက်တော်ဘုရားကြီးနယ်မြေဒေသရှိ ရပ်ကွက်၊ လူနေအိမ်များနှင့် ဒေသခံပြည်သူများအနေဖြင့် မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အထူးအလေးထားသိရှိလိုက်နာဆောင်ရွက်နိုင်စေရေး လုပ်ဆောင်ရမည့်အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ နေအိမ်များ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဘူးများ အရန်သင့် စီစဉ်ဆောင်ရွက်ထားရှိရေး၊ ထင်းနှင့်မီးသွေးမီးဖို သုံးဆွဲသူများအနေဖြင့် မီးဖိုကျင်းများတူး၍ စနစ်တကျဆောင်ရွက်ရေး၊ မီးဖိုအနီး မီးကူးဆက်လောင်ကျွမ်းစေနိုင်သောပစ္စည်းများမထားရှိစေရေး၊ လျှပ်စစ်မီးလိုင်း၊ မီးခုံ၊ မီးပလပ်များ စနစ်တကျသွယ်တန်းတပ်ဆင်သုံးဆွဲရေး စသည့်လုပ်ငန်းများကို တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးပြီး အသိညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)