ရေတာရှည် စက်တင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အ.လ.က ခြဲ(၄)ရပ်ကွက်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် အခြေခံပညာဉီးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၉ ရက်နေ့နံနက် (၁၀)နာရီ အချိန်က အခြေခံပညာအလယ်တန်းကျောင်းခွဲ(၄)ရပ်ကွက်တွင် ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီအောင်က အဖွင့်အမှာစကားပြောကြားပြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငုဝါကျော်က စိတ်ကျန်းမာရေးနှင့် ဆေးလိပ်မသောက်သုံးရေးအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ဒုရဲအုပ် ဒေါ်သီတာစိန်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်က စာဖတ်ခြင်းအကျိုးကျေးဇူး၊ စာပေမြှင့်မှလူမျိူးတင့်မည် သိကောင်းစရာများကို ဟောပြောခဲ့ကြ သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ကလေးကြိုက်စာပေများ၊ ပုံပြင်စာအုပ်များ၊ တေဇရုပ်စုံစာအုပ်များဖြင့် ကလေးစာဖတ်ဝိုင်းပြုလုပ်ပေးခဲ့ပြီး ပြသထားရှိသော ကလေးအလုပ်သမားဆိုင်ရာသိမှတ်ဖွယ်ရာများ၊ နံရံကပ်စာစောင်ကို ကျောင်းသား၊ ကျောင်းသူများအားပြသရာ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)