သတင်းများ

မြစ်သားမြို့နယ်တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်
Sep 12,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အောက်တိုဘာ (၁) ရက်နေ့တွင် ကျရောက်မည့် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်း ရေးဆောင်ရွက်ခြင်းကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းက ပြည်သူ့ဆေးရုံဝန်းအတွင်း သန့်ရှင်းသာယာလှပစေရေးအတွက်  စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြသည်။
ဖြူးမြို့နယ်၌ သားဆက်ခြားနည်းလမ်းများအကြောင်း ရှင်းလင်းခြင်းနှင့် နှစ်သိမ့်ဆွေးနွေး ဟောပြော
Sep 12,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးများ၏ ကျန်းမာရေးအတွက် သားအိမ်ခေါင်းကင်ဆာရောဂါနှင့် သားဆက်ခြားနည်းလမ်းများအကြောင်း သိကောင်းစရာများကို စက်တင်ဘာလ(၉)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ရေသျှံကြီးကျေးရွာအုပ်စု၊ ရေလျှံကြီးကျေးရွာ ကျေးလက်ကျန်းမာရေးဆေးပေးခန်းတွင် ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဘီးလင်းမြို့နယ်တွင် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်
Sep 12,2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ်၊ပေါက်တောကျေးရွာ၊ ပညာရတနာစာကြည့်တိုက်သို့ သွားရောက်ဆောင်ရွက်ခဲ့ကြသည်။
သထုံမြို့နယ်၌ အခွန်ဆိုင်ရာ ပညာပေးဆွေးနွေးပွဲပြုလုပ်
Sep 12,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့်အညီ အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို စက်တင်ဘာ ၁၀ ရက်နေ့၊ မွန်းလွဲပိုင်းက မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ပင်းတယမြို့နယ်၌ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဒေသခံပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးစေခြင်း အခမ်းအနားသို့ တက်ရောက်
Sep 12,2025
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ရှားပြားကျေးရွာရှိ အ‌ခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ သွားရောက်ကာ ကျန်းမာရေးဌာနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ KG ကျောင်းသား/ကျောင်းသူများအား ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်ပြီး ကျန်းမာသန်စွမ်း၍ ဉာဏ်ရည်မြှင့်မားတိုးတက်စေရန်အတွက် အစာအုပ်စု (၃) အုပ်စုနှင့်အညီ အာဟာရကျွေးမွေးနေမှုတို့အား သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကိုသက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အလှူငွေများကို ပေးအပ်လှူဒါန်းသည်။
သံဖြူဇရပ်မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (ပညာ့ဂုဏ်ရည်) ခန်းမ၌ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ
Sep 12,2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၂) အ​ခြေခံပညာအထက်တန်း​ကျောင်း (ပညာ့ဂုဏ်ရည်) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖျာပုံမြို့၌၂၀၂၄-၂၀၂၅ ပညာသင်နှစ် လူရည်ချွန်ဂုဏ်ပြုပွဲနှင့် တက္ကသိုလ်ဝင်တန်းထူးချွန် ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲကျင်းပ
Sep 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ အ.ထ.က(၁)ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်Grade (10) လူရည်ချွန် မောင်ကောင်းဇေသန့်အား ဂုဏ်ပြုပွဲနှင့် တက္ကသိုလ်ဝင်တန်း ထူးချွန်ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို စက်တင်ဘာလ (၁၂)ရက်နေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့ အ.ထ.က (၁)ကျောင်း၊ ရာပြည့်ခန်းမ၌ ကျင်းပသည်။
ချမ်းအေးသာစံမြို့နယ်တွင် အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲများ ကျင်းပ
Sep 12,2025
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် သွားရောက်ယှဥ်ပြိုင်နိုင်ရန်အတွက် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲများကို ချမ်းအေးသာစံမြို့နယ် အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်း၌ စက်တင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။