သတင်းများ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံ အဆောက်အဦတည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနားတက်ရောက်
Sep 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံ(၁၅၀ပေ× ၁၁၀ပေ)အဆောက်အဦတည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါအားကစားရုံဆောက်လုပ်မည့် မြေနေရာတွင်ကျင်းပခဲ့ရာ ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တက်ရောက်၍ ပန္နက်တင်ပေးခဲ့ကြသည်။
ပြည်ကြီးတံခွန်မြို့နယ်တွင် ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်းလက်တွေ့စမ်းသပ်
Sep 12,2025
မန္တလေးတိုင်းဒေသကြီးပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက်နှင့်‌ ငွေတော်ကျီကုန်း ရပ်ကွက်၌ ယနေ့ နံနက်၉နာရီမှ ၁၂နာရီအထိ ဝေဇယန္တာဓမ္မာရုံနှင့် သဟပုညကာရီ ငွေတော်ဓမ္မာရုံတို့တွင် ရပ်ကွက်နေပြည်သူများအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းအခမ်းအနားကို ဆက်လက်ဆောင်ရွက်သည်။
ပြည်ကြီးတံခွန်မြို့နယ် အ.ထ.က (၂၇)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာစီစာကုံးပြိုင်ပွဲကျင်းပ
Sep 12,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ အ.ထ.က(၂၇)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စက်တင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အဆင့်ဖြင့် အထက်တန်းအဆင့် စာစီစာကုံးပြိင်ပွဲ  ကျင်းပခဲ့သည်။
မိုင်းပျဉ်းမြို့၊ အ.ထ.ကကျောင်း၌ ကျောင်းတွင်းသင်ထောက်ကူပြိုင်ပွဲ ကျင်းပ
Sep 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းတွင်းသင်ထောက်ကူပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်း နဝဒေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၄) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Sep 12,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းရှိ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ 
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၅−၂၀၂၆ ပညာသင်နှစ် ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ဝန်ထမ်းများအား ဆန်၊ ဆီထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားတက်ရောက်
Sep 12,2025
၂၀၂၅−၂၀၂၆ ပညာသင်နှစ် ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ဝန်ထမ်းများအား ဆန်၊ ဆီထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို စက်တင်ဘာလ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေး၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းသား၊ သမီးများတက်ရောက်ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၌ အဋ္ဌမအကြိမ် တီထွင်ဖန်တီးမှုပြ ပွဲအခမ်းအနား ကျင်းပ
Sep 12,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကွန်ပျူတာတက္ကသိုလ် (မုံရွာ) အဋ္ဌမအကြိမ် တီထွင်ဖန်တီး မှုပြပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၂ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ဘွဲ့နှင်း သဘင်ခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။
ကသာမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများကို တတိယအကြိမ်ပေးအပ်လျက်ရှိ
Sep 12,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိ နေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများအားတတိယအကြိမ်ပေးအပ်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က မြို့တော်ခန်းမ၌ ဒုတိယနေ့အဖြစ်ဆက်လက်‌ပေးအပ်ခဲ့သည်။