ရပ်စောက်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်

ရပ်စောက် စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း၊) ရပ်စောက်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) နောင်ခမ်း၌ ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်မှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုအောင်က ကျောင်းသား၊ ကျောင်းသူများအား စကားပြောစွမ်းရည်မြင့်မာလာစေရန်၊ လူအများရှေ့၌ရဲရင့်စွာ ပြောဆိုဆွေးနွေးတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး တိုင်ပင်ဆွေးနွေးခြင်း အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် Grade-10 မှ မောင်ဟိန်းဝေယေံလင်း၊ မောင်ကျော်ဇင်ငြိမ်းဝင်း၊ မောင်နေဆန်း၊ မနှင်းသဇင်ဦး၊ မလဲ့လဲ့ခိုင်တို့က လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဉ်ဖြင့်ဦးဆောင်ဆွေးနွေးခဲ့ပြီး Grade-11 မှ မောင်ကောင်းခန့်ဇော်၊ မောင်ချစ်ပွါး၊ မစုရတနာလင်း၊ မဝင်းသူအေး၊ မသဇင်ဦးတို့က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။ ဆက်လက်၍ လူငယ်စကားဝိုင်းတက်ရောက် လာသော ကျောင်းသား၊ ကျောင်းသူများက မေးခွန်းများအပြန်အလှန်မေးမြန်းခဲ့ကြပြီး လိုအပ်သည်များကို မြို့နယ်ဦးစီးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

၎င်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန်အတွက် မူးယစ်ဆေးဝါးပပျောက်ရေး၊ ဆေးလိပ်အန္တရာယ် အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ရသ စာအုပ်စာစောင်များပြသခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)