အင်္ဂပူစက်တင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူကျွဲသောင်ကျေးရွာအုပ်စု၊ ဇီးဖြုကုန်းကျေး၊ ဘုန်ကြီးကျောင်းတွင် ယမန်နေ့နေ့လယ်ပိုင်းက အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုလျှော့ချရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာရွှေက မီးခိုးမြူငွေ့သည်အမှိုက်မီးရှို့ခြင်း၊ တောမီးလောင်ခြင်း၊ ကားများအင်ဂျင်စက်များမှ ထွက်ရှိလာသောအခိုးအငွေ့များ၊ သစ်ဆွေးမြေ့မီးလောင်ခြင်းများကြောင့် မီးခိုးများဖြစ်ပေါ်ခြင်း၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်ဖြစ်ပေါ်လာပုံ၊ မီးခိုးမြူများထူထပ်စွာ ဖြစ်ပေါ်ပါက အသက်ရှုကျပ်ခြင်း၊ မျက်စိ၊ နား၊ နှာခေါင်းယားယံခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ အဆုတ်ကိုထိခိုက်စေခြင်း စသည့်နောက်ဆက်တွဲ ရောဂါလက္ခဏာများ၊ မီးခိုးမြူငွေ့လျှော့ချရန်နည်းလမ်းများနှင့် ကာကွယ်လိုက်နာဆောင်ရွက်ရန် နည်းလမ်းများကို ရှင်းလင်းပြောကြား ပြီးမီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါအသိပညာပေးဟောပွဲသို့ အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာရွှေနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)