သတင်းများ

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Sep 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အ.ထ.က (၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်၌ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Sep 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက်၇၀နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် သွေးတိုးနှင့် ဆီးချိုရောဂါရှိသူများအား  ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းက (ဌ)ရပ်ကွက်၊ သောကြာဆွမ်းပတ် ဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
မိုင်းပျဉ်းမြို့၌ ဗိုလ်ချုပ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Sep 13,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် စည်ပင်သာယာရေးဦးစီးဌာနမှ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ယမန်နေ့မွန်းလွှဲပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆိပ်ကြီး ခနောင်တိုမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ အ-လ-က (၁)၌ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု လူငယ်စကားဝိုင်းပြုလုပ်
Sep 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကို စက်တင် ဘာ ၁၂ ရက်နေ့ နံနက် ၁၀ နာရီက ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဦးထွန်းအိုရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အ.လ.က (၁)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ကန့်ဘလူမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Sep 13,2025
၂၀၂၅ ခုနှစ် စက်တင်ဘာ (၁၆)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက  စက်တင်ဘာ (၁၂)ရက်နံနက်ပိုင်းက ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် C.T.M.E အခမ်းအနား ကျင်းပ
Sep 13,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် C.T.M.E အခမ်းအနားကို စက်တင် ဘာ ၁၂ ရက် က (၂၅) ခုတင် ဆံ့တိုင်းရင်းဆေးရုံ (ကျိုင်းတုံ)၌ ကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲခွဲ(ရှမ်းအရှေ့) အဖွဲ့ဝင် ဦးမင်းညို၊ ကျိုင်းတုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
မှော်ဘီမြို့နယ်‌တွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆက်လက်ဆောင်ရွက်
Sep 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့နံနက် (၉)နာရီက အဖွဲ့(၃)ဖွဲ့ခွဲ၍ အဖွဲ့(၁) ရေပေါ်သဲ့အုပ်စု၊ လိပ်ချောင်းဘုန်းတော်ကြီးကျောင်းတိုက်၊ အဖွဲ့(၂) ရိုးကြီးအုပ်စု ရွာဦးဘုန်းတော်ကြီးကျောင်းတိုက်၌လည်းကောင်း အဖွဲ့(၃)မှ လိပ္ပုတ်ကျေးရွာအုပ်စု ပြည်လုံးချမ်းသာကိုးနဝင်းဓမ္မာရုံတို့၌လည်းကောင်း တပြိုင်နက်တည်း ဆောင်ရွက်ကြကြောင်း သိရသည်။
ဘားအံမြို့နယ်တွင် အိန္ဒု-ဇာသပြင်လမ်းမှ ကော့တာမွန်ကျေးရွာအဝင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 13,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အိန္ဒု-ဇာသပြင်လမ်းမှ ကော့တာမွန်ကျေးရွာအဝင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား တာဝန်ရှိသူများက စက်တင်ဘာ ၁၂ ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့‌ကြောင်း သိရသည်။