လွိုင်လင် မေ ၁၄
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည်နယ်အဆင့်လူရည်ချွန်စခန်းဝင် လွိုင်လင်မြို့နယ်ကိုယ်စားပြု လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့နံနက်ပိုင်းက လွိုင်လင်မြို့ရှိ အ.ထ.က(၂) ကျောင်းရှေ့မှ မြို့နယ်ပညာရေးမှူးရုံးရှေ့ထိ ဘင်ခရာတပ်ဖွဲ့ဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်းသိရသည်။
လူရည်ချွန်မောင်မယ်များအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်နှင့်ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှဆရာ/ဆရာမများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များ က လှိုက်လှဲနွေးထွေးစွာ ပန်းကုံးများဖြင့်ကြိုဆိုခဲ့ကြသည်။
အဆိုပါ လွိုင်လင်မြို့နယ်ကိုယ်စားပြု လူရည်ချွန်မောင်မယ်များမှာ မောင်စိုင်းကျော်ဇင်သော် G-11 မှ သုံးထပ်ကွမ်းလူရည်ချွန်၊ မောင်သိန်းစိုးအောင် G-9 မှ နှစ်ထပ်ကွမ်းလူရည်ချွန်၊ မောင်စိုင်းအွမ်ပဲင်းမှိုင်း G-10 မှ နှစ်ထပ်ကွမ်းလူရည်ချွန်နှင့် မမြတ်ဖူးဝေ G-10 မှ တစ်ထပ်ကွမ်း လူရည်ချွန်တို့ဖြစ်ကြောင်း သိရသည်။
လွိုင်လင်မိုး