ကြည့်မြင်တိုင်မြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကျင်းပ

ကြည့်မြင်တိုင် မေ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ မြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို မေ ၁၂ ရက်နေ့ နံနက် (၉) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာသန်းဝင်းလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စာရေးဆရာမတင့်တယ်ခင်က နှစ်ပတ်လည်အစီရင်ခံစာဖတ်ကြားခြင်းနှင့် ယခင်အလုပ်အမှုဆောင်များ နှုတ်ထွက်ပြီးကြောင်းကို ကြောညာခဲ့သည်။ ဆက်လက်၍ ရွေးချယ်တင်မြှောက်ရေးအဖွဲ့နှင့် တက်ရောက်လာသူများက အရွေးချယ်ခံပုဂ္ဂိုလ်များအား တညီတညွတ်တည်းရွေးချယ်ခဲ့ကြရာ စာရေးဆရာအသင်းဥက္ကဋ္ဌအဖြစ် စာရေးဆရာမတင့်တယ်ခင်၊ အတွင်းရေးမှူးအဖြစ် သူရ (မြန်မာ)၊ ဘဏ္ဍာရေးမှူးအဖြစ် ဆရာမမေချိုသွေး၊ အမှုဆောင်များအဖြစ် စာရေးဆရာရွှေတိုင်လွင်၊ စာရေးဆရာဇွဲသန့်တို့အား ရွေးချယ်ခဲ့ကြကသည်။

အဆိုပါအခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာလင်း၊ စျေးကြီးအရှေ့ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စာရေးဆရာအသင်းဝင်များ တက်ရောက်ခဲ့ကြသည်။ ထို့နောက် ရွေးချယ်တင်မြှောက်ခံရသည့် အမှုဆောင်အဖွဲ့ဝင်များနှင့် ရွေးချယ်တင်မြှောက်ရေးအဖွဲ့တို့ တွေ့ဆုံကာ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြပြီး ရွေးချယ်တင်မြှောက်ခံရသည် ကြည့်မြင်တိုင်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာမတင့်တယ်ခင်က နှုတ်ခွန်းဆက်စကားပြောကြား၍ အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)