သံဖြူဇရပ်မြို့နယ် မိုးကြိုကာလ သဘာဝဘေးအသိပညာပေးခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများဖြင့် လက်တွေ့သရုပ်ပြ

သံဖြူဇရပ် မေ ၁၄

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့မှပူးပေါင်း၍ မိုးကြိုကာလတွင် ဖြစ်ပွားတက်သော သဘာဝဘေးအသိပညာပေးခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများဖြင့် လက်တွေ့သရုပ်ပြခြင်းနှင့် အသက်ကယ်လေ့ကျင့်ခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းက အောင်ကုသိုလ်ရပ်ကွက် ထိုင်တော်မူဘုရားကြီးဝင်း၌ ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသူရဦးက မိုးကြိုကာလတွင် ဖြစ်ပွားတက်သောသဘာဝဘေးအန္တရာယ်များနှင့် ဆောင်ရန်/ ရှောင်ရန်အချက်များကိုလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ထွေးက ယခုရာသီတွင် ဖြစ်ပွားတက်သောမီးဘေးအန္တရာယ်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းကိုလည်းကောင်း၊ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ပုံနည်းစနစ်များနှင့် သဘာဝဘေးဖြစ်ပွားလာပါက ဆောင်ရန် / ရှောင်ရန် အချက်များကိုလည်းကောင်း လက်တွေ့သရုပ်ပြရှင်းလင်းဆွေးနွေးပြီး၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးစိုးမင်းက သဘာဝဘေးဖြစ်စဉ်များဖြစ်ပေါ်လာပါက ရှေးဦးပြုစုဆောင်ရွက်မှုများ၊ ပေါက်ကွဲစေတက်သောပစ္စည်းများနှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် သိသင့်သိထိုက်သည့်အချက်များနှင့် ရုတ်တရက်အစာဆို့နင်ခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့်နည်းလမ်းများကို လက်တွေ့သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ပြီး၊ တက်ရောက်လာကြသည့် ရပ်ကွက်နေပြည်သူများအား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် အောင်ကုသိုလ်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးနှင့်ပြည်သူ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)