သတင်းများ

ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌ လူနာများအား အခမဲ့ကုသပေး
Sep 13,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ်(၆) မင်းတဲရပ်ကွက်ရှိ ပါမောက္ခ ဒေါက်တာသန်းလွင် (အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ယနေ့နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသော ရဟန်းရှင်/လူ လူနာ (၂၀၀)ဦးကျော်အား အခမဲ့ကုသပေးခဲ့သည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးတင့်လွင် အခြေခံကျန်းမာရေးတက္ကသိုလ်-မကွေး (၃၇) ကြိမ်မြောက် လက်ထောက်ကျန်းမာရေးမှူး (အကျဉ်းချုံး)သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်
Sep 13,2025
မကွေးတိုင်းဒေသကြီး မကွေးမြို့ အခြေခံကျန်းမာရေးတက္ကသိုလ်-မကွေး၏ (၃၇)ကြိမ်မြောက် လက်ထောက်ကျန်းမာရေးမှူး(အကျဉ်းချုံး) သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)ဘွဲ့နှင်းခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးမြို့ရှိ တက္ကသိုလ်ကောလိပ်အသီးသီးမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းဆင်းမောင်မယ်များ တက်ရောက်ခဲ့ကြ သည်။
အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာ ရွှေကြက်ကျဘုရား လှေဦးတိုက်ပွဲတော်နှင့် လှေလှော်ပြိုင်ပွဲဖွင့်ပွဲ ကျင်းပ
Sep 13,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာ ဧရာဝတီမြစ်ကမ်းပါးတွင် တည်ထားကိုးကွယ်တော်မူထားသော ရွှေကြက်ကျဘုရား၌ နှစ်စဥ်ကျင်းပမြဲဖြစ်သော လှေဦးတိုက်ပွဲတော်ဖွင့်ပွဲနှင့် လှေလှော်ပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲအချိန်က အဆိုပါဘုရားရှေ့တွင် ပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့၌ ဈေးဆိုင်လုပ်ငန်းရှင်များ နေရာကျူးကျော်၍ ဈေးရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
Sep 13,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က  မြို့ပတ်လမ်းနှင့် မြို့တွင်းမိန်းလမ်းမကြီးတစ်‌လျှောက် လမ်း‌ဘေး (ဝဲ၊ယာ)တွင် ဖွင့်လှစ်ရောင်းချနေသော ဈေးဆိုင်လုပ်ငန်းရှင်များ လမ်းနယ်နိမိတ်နေရာ ကျူးကျော်၍ ဈေးရောင်းချမှုများ မရှိစေရေးအတွက် စက်တင်ဘာ (၁၂)ရက်နေ့က ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အမရပူရမြို့နယ်၌ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာရောစပ်ကြဲပက်ပွဲပြုလုပ်
Sep 13,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ဆင်ဘိုးကျေရွာရှိ ကွင်းအမှတ် ၅၆၇ (က)၊ ဦးပိုင်အမှတ် ၃၄/၁၄၀၊ တောင်သူ ဒေါ်သီတာအေး၏ လယ်မြေ တစ်ဧက ပေါ်စိုက်ပျိုးထားသာ အောင်နိုင်တိုး စပါးစိုက်ကွင်းအတွင်း စက်တင်ဘာ ၁၃ ရက်နေ့နံနက် ၈ နာရီက အမရပူရမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝမြေသြဇာနှင့်ဓာတ်မြေသြဇာရောစပ်ကြဲပက်ပွဲကို ပြုလုပ်ခဲ့သည်။
မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်မည့် အခမ်းအနားကျင်းပ
Sep 13,2025
မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်မည့် အခမ်းအနားကို စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် ၆ မင်းတဲရပ်ကွက်အ.လ.က (ခွဲ)ကျောင်း၌ ကျင်းပပြုလုပ်သည်။
မြို့သာယာလှပရေးပန်းအလှပင်နှင့် အရိပ်ရသစ်ပင်များ စိုက်ပျိုး
Sep 13,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီ သာယာလှပစေရန်အတွက် ပန်းအလှပင်နှင့် အရိပ်ရသစ်ပင်များ စိုက်ပျိုးခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အဖွဲ့ဝန်ထမ်းများက ဆောင်ရွက်သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်‌၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
Sep 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယနေ့နံနက် (၉)နာရီမှ ညနေ (၃)နာရီအထိ အမှတ်(၁၃၄)၊ (၁၃၆)၊ (၁၃၃)ရပ်ကွက်များရှိ သတ်မှတ်စုရပ်နေရာများ၌ ဆောင်ရွက်ခဲ့ကြသည်။