တန့်ယန်း မေ ၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၏ လူရည်ချွန်စခန်းအသီးသီးမှ ပြန်လည်ရောက်ရှိလာကြသော လူရည်ချွန်မောင်မယ် (၅) ဦးအား ကြိုဆိုဂုဏ်ပြုပွဲကို မေလ ၁၃ ရက်နေ့ နံနက် ၉ နာရီက မြို့ဝင်တံတားထိပ်မှစတင်၍ အမှတ် (၁)၊ အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းများအထိ စည်ကားသိုက်မြိုက်စွာ ကြိုဆိုဂုဏ်ပြုခဲ့သည်။
အဆိုပါလူရည်ချွန်မောင်မယ်များအား ကြိုဆိုဂုဏ်ပြုပွဲ၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆန်စိန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါ်နန်းခမ်းမန်၊ ဒေါ်နန်းဆိုင်မွန်း၊ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ အမှတ် (၁)၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတို့မှ ဘင်ခရာတပ်ဖွဲ့များ၊ ပြည်သူများတို့က ဂုဏ်ပြုပန်းစည်းများ၊ ဂုဏ်ပြုဆုငွေများ၊ ပန်းကုံးများ၊ အောင်သပြေပန်းများတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)