မိုးနဲ မေ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် တောင်သူများအား လယ်ယာစိုက်ပျိုးရာတွင် မြေဆီလွှာဖွံ့ဖြိုးမှု ပြန်လည်တိုးတက်ကောင်းမွန်လာစေရန်၊ ဓာတ်မြေဩဇာများသုံးစွဲခြင်းကို လျှော့ချပြီး တစ်ဧကထုတ်လုပ်မှု ကုန်ကျစရိတ် လျှော့ချနိုင်ရန်၊ သစ်စိမ်းမြေဩဇာ ထည့်သွင်ခြင်းကို တောင်သူများလေ့လာသိရှိ သုံးစွဲတတ်လာစေရန်ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီအချိန်က (ပိုက်ဆံလျှော်) သစ်စိမ်းမြေဩဇာမျိုးစေ့ ထည့်သွင်း ကြဲပက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို နမ့်မော်ဆွမ့်ကျေးရွာရှိ တောင်သူ ဦးသန်းထွန်း၏ လယ်မြေတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ ၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက လယ်ကွင်းအတွင်း (ပိုက်ဆံလျှော်) သစ်စိမ်းမြေဩဇာ မျိုးစေ့ကြဲပက်ခြင်း ကွင်းသရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)