မိုင်းစံမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းခြင်းလုပ်ငန်း ဆောင်ရွက်

မိုင်းစံ မေလ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း မိုင်းစံမြို့ မြို့အထွေထွေအုပ်ချုပ်ရေးရုံးသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။ 

ထိုသို့ဆောင်ရွက်ရာတွင် စာဖတ်ပရိတ်သတ်များကြိုက်နှစ်သက်သည့် သုတ၊ ရသစာအုပ်များ မဂ္ဂဇင်းစာအုပ်များ ဝတ္ထုစာအုပ်များနှင့် ရုပ်ပြစာအုပ်များအား စာဖတ်ပရိတ်သတ်များထံ လက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိဇာချိုနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး စာကြည်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များအား စာအုပ်စာပေများကို အလွယ်တကူဖတ်ရှုလေ့လာနိုင်ရန်ရည်ရွယ်၍ စာဖတ်ပရိတ်သတ်များထံအရောက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ပြီး အပတ်စဉ်စာအုပ်စာစောင်အသစ်များ သွားရောက်လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အိဇာချို၊မိုင်းစံ(ပြန်/ဆက်)