သန်လျင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ရန်ကုန် မေ ၁၄

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က မြန်မာစာစွမ်းရည်ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည် ဉာဏ်သွေးဖွံ့ဖြိုးစေရန်နှင့် ဗလငါးတန်နှင့်ပြည်စုံကာ ပညာပြည့်ဝနှလုံးလှသောလူငယ်များဖြစ်အောင် ကြိုးစားစေလိုကြောင်းပြောကြားပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများက စိတ်ဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (သန်လျင်)