မင်းလှမြို့နယ်၌ ရက် (၁၀၀) စီမံချက်အရ ကျွဲ၊ နွား ကူးစက်ရောဂါကာကွယ်ဆေးထိုးနှံပေး

မင်းလှ မေ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မွေးမြူရေးနှင့်ကုသဦးစီးဌာနက ရက် (၁၀၀) စီမံချက်အရ မြို့နယ်အတွင်းရှိ ကျွဲ၊ နွားများအား ကူးစက်ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်ဝင်းဦးဆောင်၍ ဝန်ထမ်းများက ရပ်ကွက်/ကျေးရွာများအတွင်း၌ မွေးမြူထားရှိသည့် ကျွဲ၊ နွားများတွင် ဖြစ်ပွားတတ်သည့် လည်ချောင်းကွဲရောဂါ၊ ဒေါင့်သန်း‌ ရောဂါ၊ ပေါင်ပုပ်လက်ပုပ်ရောဂါများအတွက် ကာကွယ်‌ဆေးများထိုးနှံခဲ့ရာ စုစုပေါင်း ကျွဲ၊ နွား ၂၈၅ ကောင်အား ကာကွယ်ဆေးများထိုးနှံ‌ပေးနိုင်ခဲ့ကြောင်း၊ တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သောကူးစက်ရောဂါများအကြောင်း မေထုန်မဲ့သားစပ်ခြင်းလုပ်ငန်းနှင့် နို့စားနွားတိုးချဲ့မွေးမြူခြင်းကြောင့် ရရှိလာသည့် အကျိုးအမြတ်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)