ကျောက်တလုံးကြီးမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်

ကျောက်တလုံးကြီး မတ် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောက်တလုံးကြီး အ​​​ခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနအား မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းကို မတ်လ (၇) ရက်နေ့ မွန်းလွဲ (၂) နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူးဦးသက်နိုင်၊  မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ရဲမင်းထက်နှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက  တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် စာမေးပွဲခန်းများနှင့် မီးဘေးအန္တရာယ်ကာကွယ်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ စာမေးပွဲကျင်းပနေစဉ် မီးလန့်ခြင်း၊ မီးလောင်မှုများ မဖြစ်ပွားစေရန်၊ မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ၊ ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွတ်ထားရှိမှုများကို လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇော်နိုင်လင်း