မော်လမြိုင် မတ် ၉
မွန်ပြည်နယ်၊ မော်မြိုင်မြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဗိုလ်ဗိုလ်အောင်က ရပ်ကွက်နေပြည်သူများ စာပေဖတ်ရှု့နိုင်စေရန်၊ အသိပညာဗဟုသုတနှင့် ပြည့်စုံသော နိုင်ငံ့သားကောင်းများ ပေါ်ထွက်လာစေရန်၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မော်လမြိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ယုက ရပ်ကွက်၊ ကျေးရွာ လူထုပါဝင်မှုနှင့် စာဖတ်ခြင်းကို အလေးထားစေရန်၊ ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး စာအုပ်စာစောင်များ တိုးပွားရေး၊ ဒေသတွင်းရှိ ပြည်သူများမှ အားကိုးအားထားပြုသည့် စာကြည့်တိုက်များ ဖြစ်ပေါ်စေရေး၊ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှုများ၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စိတ်ပါဝင်စားစွာ ဆောင်ရွက်ကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားပြီး၊ မွန်ပြည်စာကြည့်တိုက်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးချိုချိုက လစဉ်ပုံမှန်စာအုပ်စုဆောင်းနိုင်ရေး၊ စာပေဖတ်ရှု့ရုံသာမက အခြားဝါသနာပါသည့် ပန်းချီ၊ ကဗျာရွတ်၊ စာဖတ်ဝိုင်းဖွဲ့ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးရေး၊ ရပ်ကွက်ကျးရွာစာကြည့်တိုက်၏ ပြင်ဆင်ထားရှိမှုများ၊ လိုအပ်ချက်များတို့ကို ပြောကြားခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်လာသော ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိမိရပ်ကွက်အတွင်းရှိ စာကြည့်တိုက်များ ဖွံဖြိုးတိုးတက်စေရန် ဘယ်လိုဆောင်ရွက်ကြမလဲ၊ စာအုပ်၊ စာစောင်တိုးပွားရရှိအောင် ဘယ်လိုစည်းရုံးမလဲ၊ စာကြည့်တိုက်များ ဝင်ငွေရရှိအောင် ဘယ်လိုဆောင်ရွက်မလဲ၊ စာဖက်ပရိတ်သတ် တိုးပွားအောင် ဘယ်လိုဆောင်ရွက်ကြမလဲ စသည်တို့ကို အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)