သတင်းများ

ဟင်္သာတမြို့နယ်၌ ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေး
Mar 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသားကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍  ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေ၊ ကဗျာ ရေးသားနည်းသင်တန်း ဖွင့်လှစ်သင်ကြားလျ
Mar 09,2024
နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသားကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်ကျောင်းများမှ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၂၅) ဦးကို စာပေ၊ ကဗျာရေးသားနည်းသင်တန်း ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် လူထုအခြေပြုဗဟို ဌာနတွင်ဖွင့်လှစ်သည့် ဓာတ်ပုံဗီဒီယိုရိုက်ကူးနည်းသင်တန်းနှင့် အခြေခံပုံတူပန်းချီရေးဆွဲနည်း သင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်အားပေး
Mar 09,2024
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နံနက်ပိုင်းအချိန်က ဓာတ်ပုံဗီဒီယိုရိုက်ကူးနည်းသင်တန်းနှင့် အခြေခံပုံတူပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်အားပေးခဲ့သည်။
ချီ‌ဖွေမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံတရုတ်စကားပြော အခမဲ့သင်တန်းဖွင့်ပွဲကျင်းပ
Mar 09,2024
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီ‌ဖွေမြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်နှင့် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က အခြေခံတရုတ်စကား‌ပြော အခမဲ့သင်တန်းဖွင့်ပွဲကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချစ်စမ်းအောင်က အဖွင့်အမှာစကားပြောကြားသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၊ မခွာလယ်ကျေးရွာ၌ ရွှေလန်ပူငရုတ်စိုက်ပျိုးဖြစ်ထွန်း
Mar 09,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၊ မခွာလယ်ကျေးရွာတွင် ရွှေလန်ပူငရုတ်သီးစိုက်ပျိုးဖြစ်ထွန်းမှုကြောင့် မိသားစုအပိုဝင်ငွေများရရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်းဖွင့်လှစ်
Mar 09,2024
ကျိုက်မရောမြို့နယ် လူထူအခြေပြုဗဟိုဌာန၌ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသခြင်းဆောင်ရွက်
Mar 09,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် အချိန်မရွေးဖြစ်ပေါ်နိုင်သော မီးဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး သဏ္ဍာန်တူ သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးဌာန၌ ပြုလုပ်သည်။
ရွှေပြည်သာမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပနိုင်ရေးအစည်းအဝေးကျင်းပ
Mar 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမ၌ ကျင်းပသည်။