ဟင်္သာတမြို့နယ်၌ ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေး

ဟင်္သာတ မတ် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးရာတွင် ဟင်္သာတခရိုင် အမျိုးသမီးကော်မတီဥက္ကဋ္ဌကိုယ်စား ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်က အဖွင့်အမှာစကား ပြောကြားပြီး၊ ဟင်္သာတခရိုင် အမျိုးသမီးကော်မတီ အတွင်းရေးမှူး ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဒိုင်ဒိုဒါးလ်က ခရိုင်အတွင်း အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများ၊ စာသင်ကျောင်းများတွင်လည်း အမျိုးသမီးများနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက်ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍတစ်ခုချင်းအလိုက် အသီးသီးဖြည့်စွက်ဆွေးနွေးကြပြီးနောက် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင်ခရိုင်လဝကဦးစီးမှူး ဒေါ်သီတာအောင်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)