ခမောက်ကြီးမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးများဆောင်ရွက်လျက်ရှိ
Mar 09,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးများဆောင်ရွက်လျက်ရှိရာ ခမောက်ကြီးမြို့မှ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက ခမောက်ကြီးမြို့ မြို့မဈေးနှင့် ဗိုလ်ချုပ်လမ်းမကြီးတွင် ဈေးသွား၊ ဈေးလာများ၊ ခရီးသွားပြည်သူများနှင့် ဒေသခံများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။