အမ်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရေး တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး
Mar 09,2024
ရခိုင်ပြည်နယ် အမ်းခရိုင်အမ်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာပေးပွဲကို မတ်လ ၁၁ ရက်နေ့တွင် စတင်ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။