နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသားကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍  ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေ၊ ကဗျာ ရေးသားနည်းသင်တန်း ဖွင့်လှစ်သင်ကြားလျ

ပြင်ဦးလွင် မတ် ၉

နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသားကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်ကျောင်းများမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၅) ဦးကို စာပေ၊ ကဗျာရေးသားနည်းသင်တန်း ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် စာရေးဆရာ ကိုရွှေအောင်သင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြများအဖြစ် ပါဝင်သင်ကြားပေးကြမည့် မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဆရာသက်နိုင် (ပြင်ဦးလွင်)၊ စာရေးဆရာ ကိုရွှေအောင်သင်း၊ ဆရာဟိန်းစိုးလတ် (ဂုဏ်ထူးမြန်မာစာ)၊ ဆရာဦးကိုကိုထွေး (မိုးမှိုင်း)၊ ဆရာဦးအောင်သူတို့က သင်ကြားပေးမည့် ဘာသာရပ်များနှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားအပြီးတွင် သင်တန်းနည်းပြ ဆရာဟိန်းစိုးလတ် (ဂုဏ်ထူးမြန်မာစာ) က စာစီစာကုံးရေးသားနည်းအား သင်ကြားပို့ချပေးခဲ့ပြီး ဆရာသက်နိုင် (ပြင်ဦးလွင်) က စာပေရေးသားခြင်းဆိုင်ရာများ၊ ခရီးသွားဆောင်းပါးနှင့် ဒေသန္တရဗဟုသုတဆိုင်ရဆောင်းပါး၊ ဝတ္ထုရေးသားခြင်းဆိုင်ရာများ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

သင်တန်းဒုတိယနေ့တွင်လည်း သင်တန်းနည်းပြများက စာပေ၊ ကဗျာရေးသားနည်းများ ဆက်လက်သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းကို မတ်လ (၈) ရက် နေ့မှ (၁၀) ရက်နေ့အထိ သုံးရက်ကြာ စာတွေ့ /လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)