ဖြူးမြို့နယ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်စာစစ်ဌာနများအား ကြည့်ရှုစစ်ဆေး

ဖြူး  မတ်  ၁၀

၂၀၂၃-၂၀၂၄ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်ရှိ စာစစ်ဌာန(၃)ခု၌ ကျောင်းသား၊ ကျောင်းသူများစိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး ကြိုတင်ပြင်ဆင်ထားသည့် အခြေအနေများအား မတ်လ(၁၀)ရက်နေ့၊နံနက်(၁၀)နာရီအချိန်က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှလိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစောမင်းသူနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးမှူး၊ တက္ကသိုလ်ဝင် စာမေးပွဲကျင်းပရေးလုပ်ငန်းကော်မတီများသည် စာစစ်ဌာန အပြင်ရှိစျေးဆိုင်များ၊ လမ်းသွားလမ်းလာများဆူညံမှုမရှိရေး၊ အတွင်းအပြင်လုံခြုံရေး အခြေအနေဆောင်ရွက်ထားမှုများ၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရာတွင် စိတ်အေးချမ်းစွာဖြေ ဆိုနိုင်ရေးအတွက်စာဖြေခန်းများ ကြိုတင်ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၁)ရက်နေ့မှ မတ်လ(၁၉) ရက်နေ့အထိ စာစစ်ဌာန(၃)ခုဖြစ်သည့် ဖြူးမြို့နယ်၌  အထက(၁) ဖြူးစာစစ်ဌာန၊ အထက(၂)ဖြူးစာစစ်ဌာန၊ အထက(၂)ဇေယျဝတီစာစစ်ဌာနတို့တွင်  အတွင်းဖြေ (၇၅၇)ဦး၊ အပြင်ဖြေ(၁၀)ဦး ဖြေဆိုကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။