တိုင်းဒေသကြီးဝန်ကြီးချုပ် ဟိုင်းကြီးကျွန်းမြို့၊ ခမောက်မော်ကျေးရွာ ဆိပ်ခံတံတားသစ်အား တက်ရောက်ဖွင့်လှစ်ပေး

ပုသိမ် မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ခမောက်မော် ကျေးရွာရှိ အိမ်ခြေ (၄၃၆) အိမ်ခြေမှ လူဦးရေ (၁၅၈‌၈) ဦးအား အကျိုးပြုမည့် ဆိပ်ခံတားသစ်ဖွင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် လူမှုရေးရာဝန်ကြီး၊ ပုသိမ်ခရိုင်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ခမောက်မော်ကျေးရွာဆိပ်ခံရေဆင်းတံတားသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ ဆိပ်ခံရေဆင်းတံတားသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တံတားသစ်အား စနစ်တကျအသုံးပြုရန်နှင့် ရေရှည်တည်တံ့စေရေး ထိန်းသိမ်းဆောင်ရွက်ရန်မှာကြားခဲ့ပြီး အကအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ အဆိုပါတံတားသည် (၃၀ပေ× ၂၀ ပေ)နှင့် ချဉ်းကပ် (၈၀ပေ×၈ပေ) ဆောင်ရွက်ထားရှိပြီး ခရီးသည်တင်ရေယာဉ်များနှင့် ကမ်းနီးကမ်းဝေးငါးဖမ်းရေယာဉ် ကြီး/ငယ်များ လွယ်ကူစွာဝင်ထွက်ဆိုက်ကပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)