သံတောင်ကြီးဒေသထွက် ငှက်ပျောသီးများ ဝယ်လိုအားကျဆင်း
Mar 11,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ပင်များကို အဓိကစိုက်ပျိုးလျက်ရှိရာ နှစ်တိုပင်ဖြစ်သော ငှက်ပျောပင်များကိုလည်း စိုက်ပျိုးလုပ်ကိုင်ကြသည်။ ငှက်ပျောပင်များသည် ရာသီမရွေးအသီးသီးသော သီးနှံဖြစ်ပြီး ယခုအချိန်တွင် သံတောင်ကြီး ဒေသထွက် ငှက်ပျောသီးများ လှိုင်လှိုင်ထွက်ရှိသော်လည်း ဝယ်လိုအားနည်းကြောင်း သိရသည်။