သတင်းများ

မြစ်ကြီးနားမြို့၌ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး (အခမဲ့) ပန်းအလှဆင်သင်တန်းနှင့် (အခမဲ့)အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 08,2024
ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိစေရန်ရည်ရွယ်၍ (အခမဲ့)ပန်းအလှဆင်သင်တန်းနှင့် (အခမဲ့) အခြေခံစက်ချုပ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ မတ်လ ၇ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
မြောင်းမြမြို့၌ ပေသလပ်ကုန်း-ပြင်ရွာ ကွန်ကရိလမ်းခင်းပြီးသည့်အတွက် ပြည်သူများသွားလာရေးအဆင်ပြေလျက်ရှိ
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၌ ပြင်ရွာကျေးရွာအုပ်စုရှိ ပေသလပ်ကုန်း-ပြင်ရွာ ကွန်ကရိလမ်းခင်းပြီးသည့်အတွက် ပြည်သူများသွားလာရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီး များနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်
Mar 08,2024
၂၀၂၄-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို မတ်လ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်း အတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုဒုံမြို့နယ် အ.ထ.က(ခွဲ)နိုင်လှုံ (၂)ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်
Mar 08,2024
၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် နှစ်(၅၀)ပြည့်ရွှေရတုမွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုဒုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နိုင်လှုံ (၂)ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယမန်နေ့က အဆိုပါစာသင်ကျောင်း၌ကျင်းပရာ  မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်သည်။
ကျောက်ဆည်မြို့နယ်၌ ၂၀၂၄ ခုနှစ် ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးဖြေဆိုမည့် စာစစ်ဌာနများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေး
Mar 08,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  ကျောက်ဆည်မြို့နယ်၌  ၂၀၂၃-၂၀၂၄  ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၄  ခုနှစ် ၊ မတ်လ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့အထိ ကျင်းပ ပြုလုပ်မည်ဖြစ်ရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေး တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများမှ မတ် (၈) ရက်နေ့ နံနက် (၉) နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။  
လေးမျက်နှာမြို့နယ် တက္ကသိုလ်ဝင်တန်းစာစစ်ဌာနများ မီးဘေးလုံခြုံရေး စစ်‌ဆေးဆောင်ရွက်
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အ.ထ.က လေးမျက်နှာစာစစ်ဌာန မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်လံစစ်ဆေးခဲ့သည်။
ရွှေပြည်သာမြို့နယ်၌ မြေယာလျော်ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ
Mar 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ‌မြေယာဌာနမှ သိမ်းဆည်းခံတောင်သူများအား မြေယာလျော်ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပသည်။
တနင်္သာရီမြို့နယ် Community Centre အတွင်း နွေရာသီ ပန်းချီအခြေခံ(အခမဲ့)သင်တန်း ဖွင့်လှစ်
Mar 08,2024
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသူ/သားများ ဗလငါးတန်နှင့် ဘက်စုံဖွံ့ဖြိုးပြီး ဗဟုသုတတိုးပွားစေရန်၊ အချိန်ကိုအကျိုးရှိရှိအသုံးချတတ်စေရန်၊ ပန်းချီပညာကို အခြေခံပြီး ဖြတ်ထိုးဉာဏ် ရင့်သန်လာစေရန်၊ လူငယ်များအချင်းချင်း အပြန်အလှန် ပေါင်းသင်းဆက်ဆံတတ်စေရန်၊ အစုအဖွဲ့များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများ ရရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်  တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ နွေရာသီပန်းချီအခြေခံ (အခမဲ့) သင်တန်းကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) အတွင်း ယနေ့ နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်သည်။