တနိုင်း မတ် ၈
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၄ ခုနှစ် နွေရာသီအားကစားနည်း သင်တန်းများကို မတ် ၁၈ ရက်နေ့မှစတင်၍ မြို့နယ်အားကစားကွင်း၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုလှိုင်ထံမှ သိရသည်။
အဆိုပါသင်တန်းများတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ စားပွဲတင် တင်းနစ်၊ Physical Fitness Dance နှင့် ဘင်ခရာ အားကစားနည်းများကို အခြေခံမှစတင်၍ မတ်လ ၁၈ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိနေ့စဉ် ညနေ ၃ နာရီမှ ၅ နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မနောမြေ(တနိုင်း)