မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စဉ်ဆက်မပြတ် သန့်ရှင်း၍ စိမ်းလန်း စိုပြည်သောကျောင်းအဖြစ် အကောင်အထည်ဖော်ရေးအတွက် ပံ့ပိုးငွေများ‌‌ပေးအပ်၊ ပြည်နယ် ပတ်ဝန်းကျင်ထိန်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးတွင် လေ၊ ရေ အရည်အသွေးတိုင်းတာရေး စက်ကိရိယာမ

မြစ်ကြီးနား မတ် ၉

ကချင်ပြည်နယ်မှ သန့်ရှင်း၍ စိမ်းလမ်းစိုပြည်သော ကျောင်းဆုများကို ၂၀၂၃ ခုနှစ်တွင် ပြည်နယ်အဆင့်၊ အမျိုးသားအဆင့်တို့အပြင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ASEAN ECO-School Award 2023 ဆုရခဲ့သော မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအား စဉ်ဆက်မပြတ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းအဖြစ် အကောင်အထည်ဖော်နိုင်ရေး မတ် (၈) ရက် နံနက် (၈) နာရီက အဆိုပါကျောင်း၌ ပံ့ပိုးငွေပေးအပ်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ပံ့ပိုးငွေပေးအပ်ပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ပြည်နယ်အတွင်း စဉ်ဆက်မပြတ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ပိုမိုထွန်းကားလာစေ ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်များက ပူးပေါင်းဆောင်ရွက် သင့်ပါကြောင်း တိုက်တွန်းမှာကြားပြီး  ၂၀၂၃ ခုနှစ်တွင် ပြည်နယ်အဆင့်၊ အမျိုးသားအဆင့်တို့အပြင် လာအိုနိုင်ငံ၌ မြန်မာနိုင်ငံကိုယ်စားပြု ASEAN ECO-School Award 2023 ဆုရခဲ့သော အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းအား စဉ်ဆက်မပြတ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း အဖြစ် ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် ပံ့ပိုးငွေကျပ် (၂၅) သိန်းကို တာဝန်ခံကျောင်းအုပ် ‌ဒေါ်တင်စိန်ထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်ခိုင်စိုး၊ ပြည်နယ်ပညာရေးမှူး ဦးခင်မောင်ထွေး၊ တာဝန်ရှိသူများနှင့်အတူ ကျောင်းဝင်းအတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းအစီအစဉ်ဖြင့် ဆောင်ရွက်ထားသည့် လုပ်ငန်းစီမံကိန်းများနှင့် ဆက်လက်အကောင်အထည်ဖော် ထိန်းသိမ်းသွားမည့် လုပ်ငန်းအစီအစဉ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးသည် မတ် (၇) ရက် ညနေပိုင်းတွင် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်ပြီး ဒေသတွင်း လေ၊ ရေ အရည်အသွေးများကို လေ့လာစမ်းစစ် တိုင်းထွာသည့် စက်ကိရိယာများအား  ပြည်နယ်ဦးစီးမှူး ဦးအောင်ခိုင်စိုးနှင့် တာဝန်ရှိသူများက စက်ကိယာတစ်ခုခြင်းအလိုက် တိုင်းတာပုံအဆင့်ဆင့်၊ တိုင်းတာနိုင်သည့် အမျိုးအစားများ၊ ပြည်နယ်အတွင်း ခရိုင်အလိုက် အရည်အသွေးတိုင်းတာလျှက်ရှိသည့် အခြေအနေများနှင့် လေ အရည်အသွေး လက်တွေ့စမ်းသပ်တိုင်းတာပြသမှုများကို လိုက်လံရှင်းလင်းပြသမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပြည်နယ် (ပြန်/ဆက်)