ခန္တီး မတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် စိတ်ကြိုက်ပန်းချီ/ပုံတူပန်းချီဆွဲပြိုင်ပွဲနှင့် စာအုပ်/ စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က ဗလငါးတန်ဖွံ့ဖြိုးပြီး တွေးအခါ်မြင့်မားသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်းနှင့် စာအုပ်/စာစောင် ပြသခြင်းများ ပြုလုပ်ခြင်းဖြင့် ကလေးငယ်များအား စာအုပ်/စာပေများ အပေါ် ချစ်မြတ်နိုးစိတ်များဖြစ်ပေါ်လာပြီး စာပေများ ပိုမိုလေ့လာဖတ်ရှုလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲအားကျင်းပပြုလုပ်ရာ မူလတန်းအဆင့် ကျောင်းသား/သူလေးများက စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင် (၁၅) ဉီး၊ ပုံတူပန်းချီဆွဲပြိုင်ပွဲတွင် (၁၅) ဉီး စုစုပေါင်း (၃၀) ဉီးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား/သူလေးများအား လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။
ထို့နောက် ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်များအား ကလေးငယ်လေးများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)