သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Mar 19,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့က (Women Club) အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူ ဝါသနာရှင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ကျော့မောင် (မင်္ဂလာတောင်ညွန့်) ဘာသာပြန်ရေးသားထားသော "ပျော်နိုင်အောင်နေကိုယ့်လူရေ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။