သတင်းများ

လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျောင်းသား၊ကျောင်းသူ(၃၁၉)ဦး ဝင်ရောက်ဖြေဆိုမည်
Mar 09,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ(၁၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ စုစုပေါင်းကျောင်းသား၊ကျောင်းသူ (၃၁၉)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် လူငယ်နှင့်ကျန်းမာရေး အသိပညာပေး Talk Show ပြုလုပ်
Mar 09,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက အနာဂတ်တွင်ဦးဆောင်ကြမည့် လူငယ် များအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရန်နှင့် ကျန်းမာရေးဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်နှင့် ကျန်းမာရေးအသိပညာပေး Talk Show ကို ကျင်းပပြုလုပ်သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်
Mar 09,2024
"အရှိန်အဟုန်ဖြင့် တိုးတက်ရေးအမျိုးသမီးများတွင်မြှပ်နှံပေး" ဟူသော ဆောင်ပုဒ်နှင့်အညီ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မိုးညိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု
Mar 09,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေနှင့် အဖွဲ့သည် သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အ.ထ.က (မိုးညို) ကျောင်းသို့ ယမန်နေ့ နံနက်ပိုင်းက ရောက်ရှိလာရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးကြည်လင်နှင့် ဆရာ/ဆရာမများက ကြိုဆိုခဲ့ကြပြီး ကျောင်းဝန်းအတွင်း ဆောက်လုပ်လျက်ရှိသည့် ပေ (၁၀၀ × ၃၀)၊ RC (၂) ထပ် ကျောင်းဆောင်သစ်၊ ခွင့်ပြုရံပုံငွေ (၂၉၂.၉၇၁) ကျပ်သန်းဖြင့် ဆောက်လုပ်နေမှုအား သွား‌ရာက်ကြည့်ရှု၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
မိုးကုတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံတရုတ်ဘာသာစကား (အခမဲ့) ဖွင့်လှစ်
Mar 09,2024
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မတ်လ (၇) ရက်နေ့ မွန်းလွဲ (၃) နာရီက အခြေခံတရုတ်ဘာသာစကားသင်တန်းအား ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိ
Mar 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၄ ခုနှစ် နွေရာသီ အားကစားသင်တန်းများကို မတ်လ (၁) ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဆေးတက္ကသိုလ် (မန္တလေး) ကျောင်းတွင်းသင်္ကြန်ပွဲတော် ကျင်းပ
Mar 09,2024
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်လမ်း (၃၀ × ၇၃) လမ်း‌ရှိ ဆေးတက္ကသိုလ် (မန္တလေး) ၏  ကျောင်းတွင်း မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ယမန်နေ့ညနေ (၄) နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
သရက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မဒင်းကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Mar 09,2024
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မဒင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။