စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီး များနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်

မုံရွာ၊ မတ်

၂၀၂၄-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို မတ်လ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်း အတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မျက်မှောက်ခေတ်ကမ္ဘာကြီးတွင် အခွင့်အလမ်းသစ်များ ပေါ်ပေါက်နေသကဲ့သို့ စိန်ခေါ်မှုပေါင်းများစွာနှင့်လည်း ရင်ဆိုင်ကြုံတွေ့ နေရပါကြောင်း၊ မြန်မာ့ရာဇဝင်သမိုင်းကြောင်းအား ပြန်ပြောင်းလေ့လာကြမည်ဆိုပါက ကိုလိုနီ ခေတ်လွတ်လပ်ရေး ကြိုးပမ်းမှုကာလတစ်လျှောက်တွင် အမျိုးသားများနှင့်တန်းတူ လွတ်လပ် ရေးကြိုးပမ်းမှုတွင် ဦးဆောင်ပါဝင်ခဲ့ကြသည့် အမျိုးသမီးခေါင်းဆောင်များအပြင် စာပေ၊ အနုပညာနယ်ပယ်၊ ဥပဒေရေးရာနယ်ပယ်၊ ဆေးပညာနယ်ပယ်နှင့် အခြားလူမှုရေးနယ်ပယ်များတွင် အမျိုးသမီးခေါင်းဆောင်များပေါ်ထွန်းခဲ့သည်မှာ မြန်မာအမျိုးသမီးထုတစ်ရပ်လုံး ဂုဏ်ယူမဆုံးဖြစ်သည့် သမိုင်းမှတ်ကျောက်များ ဖြစ်ပါကြောင်း၊ အမျိုးသမီးများနိုင်ငံရေးတွင် တန်းတူညီမျှပါဝင်နိုင်ရေးအပြင် စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းများတွင် တန်းတူညီမျှရရှိရေးအား ကြိုးစားဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊

ယနေ့လက်ရှိ နိုင်ငံရေးအခင်းအကျင်းတွင်လည်း ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်း ဆောင်နေသည့် အမျိုးသမီးများ၊ ဒုတိယဝန်ကြီးများ၊ အကြံပေးပုဂ္ဂိုလ်များ၊ အဆင့်မြင့်အရာ ရှိကြီးများသည် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမူများတွင် ဦးဆောင်လုပ်ကိုင်နေကြပြီ ဖြစ်သ လို ဥပဒေပြုရေးဘက်တွင်လည်း အမျိုးသမီးများတက်တက်ကြွကြွ ပါဝင်ဆွေးနွေးနေကြသည်ကို တွေ့မြင်ကြရမှာဖြစ်ပါကြောင်း၊ ခေတ်သစ်ဒီမိုကရေစီ နိုင်ငံတော်အား တည်ဆောက်နေဆဲ အသွင်ကူးပြောင်းစ ကာလအတွင်းမှာပင် မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍအား တစ်ဆင့်ထက်တစ်ဆင့် မြင့်မားတိုးတက်စေရန်၊ ရသင့်ရထိုက်သည့် အခွင့်အရေးများ တန်းတူညီမျှရရှိစေရန်အတွက် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဦးတည်ချက် ဆောင်ပုဒ်နှင့်အညီအရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင်မြှုပ်နှံပေးဟူသော နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်နေကြသည့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များအားလုံးကို ကျေးဇူးဥပကာရ တင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ထံမှပေးပို့သည့် သဝဏ်လွှာနှင့် မြန်မာနိုင်ငံ၏ အမျိုးသမီးများဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ သမိုင်းမှတ်တိုင်များ၏ Video Clip အား ကြည့်ရှုအားပေးကြသည်။

ထို့နောက် တိုင်းဒေသကြီး အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး လူမှုဝန် ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုး သမီးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြ သည်။

 ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံရိုက်ကူးကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက် လံနှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)