တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင် ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအား ကြည်ရှုအားပေး

ထားဝယ်  မတ် ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ စာစစ်ဌာန၌ ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာဖြေဆိုနေသော ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့်တာဝန်ရှိသူများက ကြည်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်းနောင်က စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဖြေဆို/ပျက်ကွက်သူဦးရေစာရင်းများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က စာမေးပွဲကို အေးချမ်းစွာ ဖြေဆိုနှိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို သက်ဆိုင်ရာစာစစ်ဌာန(၁၇)ခု၌ မြန်မာစာဘာသာရပ်ဖြေဆိုသူဦးရေ ကျား(၉၂၂)ဦး၊ မ(၁၅၇၃)ဦး၊ စုစုပေါင်း(၂၄၉၅)ဦး၊ (၉၄.၆၉%) ဝင်ရောက်ဖြေဆိုကြောင်း သိရပြီး ပျက်ကွက်သူဦးရေမှာ ကျား(၇၂)ဦး၊ မ(၆၈)ဦး၊ စုစုပေါင်း(၁၄၀)ဦး၊ (၅.၃၁%) ရှိကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)