တောင်ငူမြို့တွင် ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

တောင်ငူ မတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ စာစစ်ဌာန () ခုဖြစ်သည့် အ.ထ.က () အ.ထ.က () အ.ထ.က ( မိုင်) နှင့် အ.ထ.က (နတ်စင်ကုန်း) တို့တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ()နာရီအချိန်က စတင်ဖြေဆိုလျက်ရှိသည်။

၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် တောင်ငူမြို့နယ်၌ စာစစ်ဌာန () ခုရှိပြီး အဆိုပါစာစစ်ဌာနများဖြစ်သည့် အ.ထ.က () အ.ထ.က () အထက ( မိုင်)နှင့် အ.ထ.က (နတ်စင်ကုန်း)တို့တွင် တောင်ငူမြို့နယ်အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းများမှ ကျောင်းသားကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ဝင်ရောက်ဖြေဆိုသူ စာရင်းရှိ ကျား (၃၅၉)ဦး၊ မ (၅၃၈)ဦး၊ စုစု​ပေါင်း (၈၉၇)ဦးရှိကာ ယနေ့မြန်မာစာဘာသာရပ်တွင် ဖြေဆိုသူ ကျား (၃၄၃)ဦး၊ မ (၅၁၀)ဦး၊ စုစုပေါင်း (၈၅၃)ဦး၊ ပျက်ကွက် ကျား (၁၆)ဦး၊ မ (၂၈)ဦး၊ စုစုပေါင်းပျက်ကွက် (၄၄)ဦး ဝင်ရောက်ဖြေဆိုမှု ရာခိုင်နှုန်း (၉၅.၀၉% ) ရှိသည်။ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မတ်လ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး မတ်လ ၁၁ ရက်နေ့တွင် မြန်မာစာ၊ ၁၂ ရက်နေ့တွင် အင်္ဂလိပ်စာ၊ ၁၃ ရက်နေ့တွင် သင်္ချာ၊ ၁၄ ရက်နေ့တွင် ဓာတုဗေဒနှင့် ပထဝီဝင်၊ ၁၅ ရက်နေ့တွင် ရူပဗေဒနှင့် သမိုင်း၊ ၁၆ ရက်နေ့တွင် ဇီဝဗေဒနှင့် ဘောဂဗေဒ၊ ၁၈ ရက်နေ့တွင် လူမှုရေးသိပ္ပံနှင့် ၁၉ ရက်နေ့တွင် စိတ်ကြိုက်မြန်မာစာဘာသာရပ်တို့ကို နံနက် (၉) နာရီအချိန်မှ (၁၂) နာရီအချိန်ထိ ဖြေဆိုရမည်ဖြစ်သည်။

အဆိုပါစာမေးပွဲဖြေဆိုရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်ကိုကို(တောင်ငူ)