ဆိပ်ဖြူ မတ် ၁၁
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာဖြေဌာန (၂) ခုဖြင့် ကျင်းပပြုလုပ်ရာ ယနေ့ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာ ဘာသာရပ်အား ကျောင်းသား/ကျောင်းသူများလာရောက်၍ အေးချမ်းပျှော်ရွှင်စွာ လာရောက်ဖြေဆိုခဲ့သည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ဆိပ်ဖြူမြို့နယ်ရှိ စာဖြေဌာန(၂)ခု၌ ဖြေဆိုဆိုရန် စာရင်းရှိ ကျောင်းသား/ ကျောင်းသူ (၃၁၇) ဦး၊ တက္ကသိုလ်ဝင် စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်အား လာရောက်ဖြေဆိုသူ (၃၀၀) ဦးခဲ့ကြပြီး၊ လာရောက်ဖြေဆိုရန်ပျက်ကွက်သူ(၁၇) ဦး ရှိကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်း၍ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းဝေးရေး၊ စာဖြေဌာနပတ်ဝန်းကျင် အေးချမ်းသာယာရေးတို့ကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုအားပေးစကားများ ပြောကြားပေးခဲ့ကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)