ဒဂုံအရှေ့ မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို အ.ထ.က(၂)နှင့် အ.ထ.က(၃)စာစစ်ဌာနတို့တွင် ယနေ့နံနက် ၉ နာရီအချိန်ကကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၉၃.၂၇ ရာခိုင်နှုန်းဝင်ရောက် ဖြေဆိုခဲ့ကြသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၁၆) ဦးရှိသည့်အနက် မြန်မာစာဘာသာရပ်ကို ဖြေကြားချိန်၌ ဝင်ရောက် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၃၈၈) ဦး၊ ပျက်ကွက်သူ (၂၈) ဦးရှိပြီး ၉၃.၂၇ ရာခိုင်နှုန်းဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ဒဂုံတက္ကသိုလ်မှ ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာသာထွန်းမောင်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာမျိုးမင်း၊ ခရိုင်ပညာရေးမှူး ဦးငွေသူရတို့က လှည့်လည်ကြည့်ရှု့ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် လိုက်ပါပို့ဆောင်ကြသည့် မိဘများ လုံခြုံအေးချမ်းမှုရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ