တောင်ဥက္ကလာပ မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ မတ်လ ၁၁ ရက်နေ့ ပထမနေ့ မြန်မာစာဘာသာ စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနတွင် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၉၀) ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း ၉၅.၀၈ ရာခိုင်နှုန်းရှိကြောင်းသိရသည်။
အဆိုပါ စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး၊ လုံခြုံစိတ်ချစွာသွား လာနိုင်ရေး၊ ဆူညံသံများမဖြစ်ပေါ်စေရေး၊ ကျောင်းဝင်းအတွင်းအပြင်လုံခြုံမှုရှိစေရေးတို့အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်းပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)