မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)မှ စု​ပေါင်း​သွေးလှူဒါန်းပွဲ အခမ်းအနားတက်​​ရောက်

​မော်လမြိုင် မတ် ၂၆

၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်​နေ့တွင် ကျ​ရောက်မည့် (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ စု​ပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အ​ထွေ​ထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ ​သွေးလှူဘဏ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ တာဝန်ရှိသူများ တက်​ရောက်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက စုပေါင်းသွေးလှူဒါန်းပေးကြသည့် ​ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အသင်းဝင်များအား မော်လမြိုင်မြို့၊ အ​ထွေ​ထွေ​ရောဂါကုပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန်ကြီးများ၊ သူနာပြု ဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများမှ သွေးလှူဒါန်းကြသူများကို ကိုယ်အလေးချိန်နှင့် သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်​ပေးခြင်းနှင့် စု​ပေါင်း​သွေးလှူဒါန်းခြင်းအ​ပေါ် ကြည့်ရှုအား​ပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စု​ပေါင်း​သွေးလှူဒါန်းပေးခဲ့ကြသူများကို အားဆေးများ၊ ကြက်ဥနှင့် အဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ စု​ပေါင်းသွေးလှူဒါန်း​ပေးခြင်းအ​ပေါ် ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ခဲ့ကာ စု​ပေါင်း​သွေးလှူဒါန်းပေးခဲ့ကြသူများကို ရင်းရင်းနှီးနှီး လိုက်လံအား​ပေးစကား​ပြောကြားခဲ့သည်။

(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ စု​ပေါင်း​သွေးလှူဒါန်းခြင်းကို မော်လမြိုင်မြို့၊ အ​ထွေထွေ​ရောဂါကုပြည်သူ့ဆေးရုံကြီးနှင့် မော်လမြိုင်မြို့၊ အမှတ် (၅) တပ်မတော်စစ်ဆေးရုံ၊ ကုတင် (၃၀၀) တို့တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အသင်းဝင် (၉၀) ဦးမှ စု​ပေါင်း​သွေးလှူဒါန်းခဲ့​ကြကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)