မိုင်းဆတ် မတ် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြိုဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့ပြီး ဦးစီးအရာရှိ၊ ဦးလင်းထင်ကျော်က တပ်မတော်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ တပ်မတော်ဖွဲ့စည်းထူထောင်ခဲ့ပုံအဆင့်ဆင့်နှင့် (၇၉)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များကိုလည်းကောင်း အကျယ်တဝင့် အသိပညာပေးရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)