သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Mar 14,2024
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ဝန်ထမ်းများက ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ “ရုံးလုပ်ငန်းလက်စွဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ ၌ ပြုလုပ်ခဲ့သည်။
စဉ့်ကူးမြို့နယ်တွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ကူညီဆောင်ရွက်ပေးလျက်ရှိ
Mar 14,2024
စဉ့်ကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့အား ယနေ့နံနက်(၉)နာရီမှစ၍ ဖြေဆိုလျက်ရှိရာ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကူညီဆောင်ရွက်ပေးလျက် ရှိသည်။
မတ္တရာမြို့နယ်၌ ဓါတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ် ဆက်လက်ဖြေဆို
Mar 14,2024
၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို နိုင်ငံအဝန်းတွင် ကျင်းပဖြေဆိုလျက်ရှိရာ ယနေ့ မတ်လ ၁၄ရက် နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် အ.ထ.က (မတ္တရာ)၌ စာစစ်ဌာန၌  ဓါတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိသည်။
ခမောက်ကြီးမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲစတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာနှင့် ပထဝီဘာသာရပ်များ အေးချမ်းစွာဖြေဆိုပြီးစီး
Mar 14,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အ.ထ.က ခမောက်ကြီးကျောင်း စာစစ်ဌာနတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစတုတ္ထနေ့တွင် အထူးပြုဘာသာရပ်အလိုက် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဘာသာရပ်အား (Grade-12) ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆို ပြီးစီးခဲ့ကြောင်းသိရသည်။
စဉ့်ကိုင်မြို့နယ်၌ ၂၀၂၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းသာစွာ ဖြေဆိုပြီးစီး
Mar 14,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တိုင်းဒေသကြီး၊ ပြည်နယ်များရှိ၊ မြို့နယ်အသီးသီးတို့တွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို မတ်လ ၁၄ ရက်နေ့နံနက် ၉ နာရီက ဆက်လက်ကျင်းပကြရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စာစစ်ဌာန (၂)ခုတွင်လည်း ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ (၆၅၁)ဦး အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်အား တည်ငြိမ်အေးချမ်းစွာဆက်လက်ဖြေဆို
Mar 14,2024
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန ၂ ခု ဖွင့်လှစ်၍ စစ်ဆေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်တွင် သက်ဆိုင်ရာစာစစ်ဌာနများတွင် ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
တောင်ကုတ်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၄)ခုတွင် ကျောင်းသား၊ ကျောင်းသူများမှ စတုတ္ထနေ့အဖြစ်အေးချမ်းစွာ ဖြေဆိုလျက်ရှိ
Mar 14,2024
တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၄)ခု ဖွင့်လှစ်၍ ကျင်းပလျက်ရှိရာ ဓာတုဗေဒနှင့်ပထဝီဘာသာရပ်များကိုကို ကျောင်းသား၊ကျောင်းသူမှ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်းသိရသည်။
ပုသိမ်ကြီးမြို့နယ်တွင် ၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စတုတ္ထနေ့ ဓာတုဗေဒ၊ ပထဝီဝင် ဘာသာရပ်တို့ စာမေးပွဲဖြေဆိုရာသို့ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု
Mar 14,2024
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒ၊ ပထဝီဝင် ဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက မြို့နယ်တွင်းရှိ စာစစ်ဌာန ၂ ခုတွင် ကျောင်းသားကျောင်းသူများ အသီးသီး  ဆက်လက်ဖြေဆိုလျက်ရှိသည်။