စဉ့်ကိုင်မြို့နယ်၌ (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ (အခမဲ့)ဖြန့်ဝေ
Mar 14,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အ.ထ.က (စဉ့်ကိုင်)စာစစ်ဌာန၌ ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသော ကျောင်းသား/သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျောင်းသားမိဘများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းနှင့် ဝန်ထမ်းများက မတ်လ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်က (၇၉)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို (အခမဲ့) ဖြန့်ဝေပေးခဲ့သည်။