သတင်းများ

ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာစီစာကုံးပြိုင်ပွဲကျင်းပ
Mar 14,2024
 ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီ ကျောင်းပိတ်ရက် ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ စာပေ/ကဗျာရေးသားနည်း သင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက သင်တန်းစမ်းစစ်ချက်အနေဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပခဲ့ကြောင်းသိရှိရသည်။
ကော့သောင်းမြို့၌  တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်အေးချမ်းစွာ ဆက်လက်ဖြေဆို
Mar 14,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်မတ်(၁၁) ရက်နေ့မှစတင်၍ ဖြေဆိုလျက်ရာ ယနေ့တွင် ဓာတုဗေဒဘာသာရပ်ကို အထက(၁) ကျောင်းစာစစ်ဌာန၊ အ.ထ.က(၂)စာစစ်ဌာနတို့တွင် ကျောင်းတွင်းဖြေနှင့် အပြင်ဖြေ(Grade.12) ကျောင်းသား၊ သူများ ဝင်ရောက်ဖြေဆိုလျက်‌ရှိ‌ကြောင်း သိရသည်။
ဘားအံမြို့၌ စာစစ်ဌာန(၃)ခုတွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုသူကျောင်းသား၊ ကျောင်းသူများအား အားပြည့်အချိုရည် Royal D များ ဝေငှပေး
Mar 14,2024
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌၊ စာစစ်ဌာန(၃)ခုတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒနှင့် ပထဝီဝင် ဘာသာရပ် ဆက်လက်ဖြေဆို
Mar 14,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့စာစစ်ဌာနများတွင် ယနေ့မတ်လ ၁၄ ရက်နေ့ နံနက် ၉ နာရီ အချိန်မှစ၍ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်များကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ငွေပေးအပ်
Mar 14,2024
လူမှုဝန်ထမ်းဦးစီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်အရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွက် ကရင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
စဉ့်ကိုင်မြို့နယ်၌  (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ (အခမဲ့)ဖြန့်ဝေ
Mar 14,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အ.ထ.က (စဉ့်ကိုင်)စာစစ်ဌာန၌ ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသော ကျောင်းသား/သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျောင်းသားမိဘများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းနှင့် ဝန်ထမ်းများက မတ်လ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်က (၇၉)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို (အခမဲ့) ဖြန့်ဝေပေးခဲ့သည်။
ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်
Mar 14,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ညောင်ဦးမြို့နယ်အတွင်း မီးလောင်မှု/ မီးလန့်မှုများလျော့နည်းကျဆင်းရေးအတွက် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကျောက်ဖြူခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သတင်းရေးသားနည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲကျင်းပ
Mar 14,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက သတင်းရေးသာနည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ ခရိုင်ဦးစီးမှူးနှင့် သင်တန်းနည်းပြများ၊ ခရိုင်ရုံးဝန်ထမ်းများ တက်ရောက်ကြသည်။